Local News

ဆန်ဈေးအနည်းငယ်မြင့်တက်၊ ဆန်ကွဲ၊ ဖွဲနုဈေးတည်ငြိမ်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၅.၄.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၇၀၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၂၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၅၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၅၀၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၂.၄.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၇၆၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၅၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၅၀၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင်(၆၀၀ဝိ/-) ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် (၁၀၀၀ဝိ/-)ကျပ်တို့ဖြင့် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်ကွဲနှင့် ဖွဲနုအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးဆန် ဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News